Google play store ကိုကျော်ခွဝင်ချင်သူများအတွက် ( ဖတ်ပေးပါရန်)


Google play store ကိုဝင်တဲ့ အခါမှာ This item isn’t available in your country  ဆိုပြီးဝင်မရဖြစ်နေပါသလား……..?။ အဲဒီလိုဘာကြောင့် ဖြစ်ရသလဲဆိုတော့ တစ်ချို့  apps တွေကို နိုင်ငံတွေအလိုက်ကန့် သတ်ထားကြပါတယ်။မိမိက အသုံးပြုခွင့် မရှိတဲ့ နိုင်ငံကဖြစ်နေရင် အခုလိုဖြစ်ပါတယ်  ။ အခုတော့ ဖုန်းမှာသွင်းထားတဲ့ application တွေကို upgrade လုပ်ချင်ရင်
ဒေါင်းလုပ်ဆွဲချင်ရင် Market ကို အသုံးပြုချင်ရင်အားနာစရာမလိုတော့ ပါဘူး ။ စိတ်ကြိုက်ဒေါင်းလို့ ရပါပြီ။Google play store ကိုကျော်ခွလိုက်ပါ ။(100% WORKING ) ပါ။ ဒီနည်းလမ်းလေးကလွယ်ကူရိုးရှင်းပါတယ်။.ကွန်ပျုတာနှင့် ဖုန်းနည်းပညာများစုဝေးရာ group

သူငယ်ချင်းတစ်ယောက်တောင်းဆိုလာတာကိုအကြောင်းပြုပြီးရေးဖြစ်သွားတာပါ ။ ကျွန်တော်တို့ အနေနဲ့ နည်းနည်းနဲ့ ကျဲကျဲ ဝိုင်းနေရတယ်ဆိုတော့  ကျွန်တော့် မိတ်ဆွေတွေအနေနဲ့ ဘာတွေလိုအပ်နေတယ်ဆိုတာ မသိပါဘူးခင်ဗျာ။လုပ်လက်စကလေးတွေလည်းမပြတ်သေးတာကတစ်ကြောင်းအကြောင်းကြောင်းကြောင့်  မိတ်
ဆွေတို့ ရဲ့ လိုအပ်ချက်တွေကိုသတိမမူဖြစ်မိသွားရင်တောင်းပန်ပါတယ်။

  ကျွန်တော် Instruction အတိုင်းပြုလုပ်ပါ….သေချာပေါက် play store ကိုဝင်လို့ရပါတယ်ဗျ….

ဒီနည်းလမ်းကိုအသုံးပြုမယ်ဆိုရင်တော့  အောက်ပါအတိုင်း မိမိတို့ ဖုန်းမှာ ကိုက်ညီမှူ့ ရှိရပါမယ်။

၁ ။  မိတ်ဆွေ တို့ရဲ့ဖုန်းက Root လုပ်ထားရပါမယ်ဗျ. မိမိဖုန်းမှာ Root Access ရှိရပါမယ်

၂ ။  မိတ်ဆွေတို့ မှာ Google Play Store Market ရှိရပါမယ်…..

၃ ။  Market Unlocker ရှိရပါမယ်….DOWNLOAD – Zippyshare , tusfiles

၎ ။  TunnelBear ရှိရပါမယ်….DOWNLOAD –  Zippyshare . tusfiles







အရင်ဆုံး Market Unlocker ကိုဖုန်းမှာ install လုပ်ပါ။
————————————————————————

– Market Unlocker ကို ဖွင့်ပြီး. Enable Unlocker ကို ပုံမှာပြထားတဲ့ အတိုင်း ( on ) ကိုဖွင့် ပေးလိုက်ပါ။ Superuser request တောင်းရင် allow နှိပ်ပေးလိုက်ပါ။





ယခုကျွန်တော်တို့က play store ကို verison (USA)ကနေ၀င်ရောက်မှာဖြစ်ပါတယ်ဗျ….
ပြီး ရင်ပြန်ထွက်လိုက်ပါ။


  – TunnelBear ကို install ပါ……
——————————————————–
– TunnelBear ကိုဖွင့်ပြီး မိမိရဲ့  gmail အကောင့်နဲ့ sing up လုပ်ပေးရပါမယ်….Sing Up လုပ်ဖို့အတွက် Create a free account ဆိုတဲ့စာသားလေးကိုနှိပ်ပေးပါ….ပုံနှင့် အောက်မှာပြထားပါတယ်။
အချက်အလက်တွေကိုဖြည့်ပီးရင် Create Free Account ကို နှိပ်လိုက်ပါ။….ဒါဆိုရင်တော့ မိမိ gmail ထဲကို Tunnel Bear ကနေ Activate လုပ်ဖို့အတွက် mail ပို့ပါလိမ့်မယ်…..


မိမိတို့ရဲ့mail ထဲကိုစာရောက်လာပြီဆိုရင်တော့  activate လုပ်ပေးလိုက်ပါ…..ဒါဆိုရင် free account ဖွင့်ပြီး ပါပီ….login ၀င်ပါ…..အောက်က ပုံလေးအတိုင်းပေါ်လာရင် On/Off မှာ ON ကိုရွေးလိုက်ပါ….attention တစ်ခုတက်လာရင် I trust this application ရှေ့မှာအမှန်ချစ်ပေးပီ ok နှိပ်ပါ…
  connected လို့ noti ဘားမှာ သော့ပုံလေး ပေါ်ရင် ညာဘက်အပေါ်ထောင့်မှာခလုတ်လေးကိုနှိပ်ပီ Account ဘေးမှာ Done ကိုနှိပ်ပေးလိုက်ပါ…. ဒါဆိုရင် ရပါပီ


– play store ကိုအရင်မဖွင့်ပါနဲ့အုံး..  clear data နဲ့ force stop လုပ်ပေးရပါမယ်….အဲဒီ့အတွက် ဖုန်းမှာ Setting >> manage app >> Google Play Store ကိုဝင်ပြီး Clear data နဲ့ Force Stop ကိုလုပ်ပေးပါ…(အောက်မှာပုံအကူအညီကိုရယူပြီးအေးအေးဆေးဆေးလုပ်ပေးပါ) .အားလုံးလုပ်ပြီးသွားရင်တော့  Play Store ကိုဖွင့်….မိမိ gmail နဲ့ဝင်ပါ….Accept နှိပ်ပါ…. ဒါဆိုရင်တော့ play store ကို Verizon (USA) ကနေ၀င်ရောက်နေပါပီဗျ…..အောက်ကပုံလေးက USA Server ကနေ၀င်ထားတဲ့ပုံလေးပါ…..


  မိတ်ဆွေတို့ ဝင်လို့မရတဲ့ apps တွေ ကို play store မှာ အားမနာတမ်းဒေါင်းနိုင်ပါပီခင်ဗျာ……အောက်ကပုံလေးကိုကြည့် ပါ။အပေါ်ကလိုမျိုး  This item isn’t available in your country စာတမ်းလေးမပြတော့ပါဗျ…installl ကိုနှိပ်ပီ ဒေါင်းလို့ရနေပါပီ.



Market Unlocker ထဲမှာ USA တင်မဟုတ်ဘူး….မိမိတို့ ကြိုက်တဲ့နိုင်ငံကနေလဲဝင်လို့ရပါတယ်ခင်ဗျာ။
နောက်ဒေါင်းလုပ်ယူမယ်ဆိုရင်ကြိုက်တဲ့ နိုင်ငံကနေကြိုက်သလိုအားမနာတမ်းဒေါင်းနိုင်ပါပြီ။ခင်ဗျာ။
 ဒီပိုစ်လေးအတွက် zawmyo oo ကို credit ပေးပါတယ်ခင်ဗျာ။ကျွန်တော်ကတော့ စာလုံးပေါင်းစစ်ပေးတာလောက်ပါပဲ။


pdf file အနေနဲ့ သိမ်းထားချင်တယ်ဆိုရင်ဒီမှာယူလိုက်ပါ။



PASSWORD တောင်းရင် SAITHUTHAI လို့ ထည့် ပေးလိုက်ပါခင်ဗျာ။



DOWNLOAD – LINK 1 , LINK 2






အသစ်တင်တိုင်း facebook ကနေဖတ်မယ်ဆိုရင် 
ဒီမှာ like လုပ်ပေးပါ။




စိုင်းသူ

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

4 thoughts on “Google play store ကိုကျော်ခွဝင်ချင်သူများအတွက် ( ဖတ်ပေးပါရန်)

  1. G610 မှာ gmail /google/ talk /play story ​တွေမရတာ ဘယ်​လိုလုပ်​ရလဲ ​ပြော​ပေးပါအုံး

  2. G610 မှာ gmail /google/ talk /play story ​တွေမရတာ ဘယ်​လိုလုပ်​ရလဲ ​ပြော​ပေးပါအုံး

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: