ကိုယ်ပိုင် browser ပြုလုပ်နည်း (for PC)


ကျွန်တော်မနေ့တုန်းက IT Studier Browser လေးတင်ပေးထားပါတယ်။ Comment စောင့်နေတာ ဘယ်သူမှ လည်း comment မပေးဘူး။ သုံးမရလို့ပဲလား။ ဒါမှ မဟုတ်ပေါတောတောနဲ့မို့လို့ပဲလား တော့ မသိပါဘူး။ ကျွန်တော်လည်းအသာယာ မှိန်းပြီးတော့ မသိချင်ယောင်ဆောင်ပြီး အဆင်ပြေတယ် လို့သဘော ထားလိုက်တော့မယ်နော်။ အခုတော့ ကိုယ်ပိုင် browser ပြုလုပ်နည်းလေးကို တင်ပေးပါ့ မယ်ဗျာ။

OK တယ်ဆိုရင် စမယ်နော်။ ဘာမှ မခက်ပါဘူး။ အောင်ကိုထက်ကို အထင်ကြီးနေတဲ့ သူတွေကတော့ အန်…. ဆိုပြီးဖြစ်သွားမှာ ကျိမ်းသေပါတယ်။ေိေိ 😀 ။ ကျွန်တော်ပြောထားသလို ဘာ language မှ မလိုသလို programmer ကြီးလဲ ဖြစ်ဖို့မလိုပါဘူး။ အဓိကက နည်းလမ်းလေးသိရင်ရပါပြီ။

အရင်ဆုံး  ဒီနေရာလေးကိုနှိပ်ပြီး  browser ပြုလုပ်ဖို့ website လေးကို သွားလိုက်ပါ။ ပြီးသွားရင် Start Now ဆိုတာကို နှိပ်လိုက်ပါ။ နောက်တစ်မျက်နှာကို ရောက်သွားပါလိမ့်မယ်။

Add caption

အဲ့ဒီထဲမှာ စာကြောင်းနှစ်ကြောင်းတွေ့ရပါလိမ့်မယ်။ ပထမဦးဆုံးစာကြောင်းမှာ ကိုယ့် browser ရဲ့ နာမည်ကိုရေးလိုက်ပါ။ နောက်ထပ်အောက်က တစ်ကြောင်းမှာကတော့ ကိုယ့် browser ရဲ့ ပုံလေးကို Browse ကနေပြီးရွေးပေးလိုက်ပါ။

ပြီးသွားရင် Select Theme ဆိုတာကို ထပ်နှိပ်လိုက်ပါ။ ပြီးရင် themes တွေကိုရွေးခိုင်းပါလိမ့်မယ်။ အဲ့ဒီထဲက ကိုယ်ကြိုက်တဲ့ themes ပုံလေးကို ရွေးပေးလိုက်ပါ။အဲ့ဒါတွေအကုန်ပြီးသွားရင် ညာ ဘက်အောက် ဆုံးနားမှာရှိတဲ့ I agree to the term of use ဆိုတာကို အမှန်ခြစ်ပေးပြီးရင် Finish and download ဆိုတဲ့ button လေးကိုနှိပ်ပေးလိုက်ပါ။ အဲ့ဒါဆိုရင် ကိုယ့်ရဲ့ ကိုယ်ပိုင် browser လေးနဲ့ ကိုယ့်ကွန်ပျူတာမှ လန်းနိုင်ပါပြီဗျာ။ေိေိ သိသွားတော့လည်း ဘာမှမဟုတ်သလိုပဲနော်။

အဆင်ပြေသည်ဖြစ်စေ မပြေသည်ဖြစ်စေ ကျေးဇူးပြု၍ Comment ပေးခဲ့ပါ။ မိတ်ဆွေတို့ရဲ့ Comment တစ်ချက်က ကျွန်တော်တို့ နောက်ထပ် post တွေရေးဖို့ အားဆေးတစ်ခွက်ပါ။ 
 Aung Ko Htet (www.itstudier.com)

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
အဆင်ပြေရင် ဆိုဒ်က ကြော်ငြာများကို တစ်ချက်လောက်နှိပ်သွားပါအုံးခင်ဗျာ

8 thoughts on “ကိုယ်ပိုင် browser ပြုလုပ်နည်း (for PC)

  1. ကျေးဇူးတင်ပါတယ်အကိုကျနော်အဲဒါကိုလေ့လာနေတာပါသင်ပေးမဲ့ဆရာမရှိလို့အစရှာမရဘူးဖြစ်နေတာခုအေ့တိုင်းထက်အလွန်ပါပဲ

  2. ကျေးဇူးတင်ပါတယ်အကိုကျနော်အဲဒါကိုလေ့လာနေတာပါသင်ပေးမဲ့ဆရာမရှိလို့အစရှာမရဘူးဖြစ်နေတာခုအေ့တိုင်းထက်အလွန်ပါပဲ

  3. comment ပေးကြတဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ နောက် post တွေကို လည်း comment ပေးခဲ့ကြပါအုံးနော်။ မိတ်ဆွေတို့ရဲ့ comment တစ်ချက်က ကျွန်တော်တို့အတွက်အားဆေးတွေပါ။ ကျေးဇူးတင်ပါတယ်။

  4. comment ပေးကြတဲ့ မိတ်ဆွေတွေအကုန်လုံးကို ကျေးဇူးတင်ပါတယ်။ နောက် post တွေကို လည်း comment ပေးခဲ့ကြပါအုံးနော်။ မိတ်ဆွေတို့ရဲ့ comment တစ်ချက်က ကျွန်တော်တို့အတွက်အားဆေးတွေပါ။ ကျေးဇူးတင်ပါတယ်။

  5. အကို​ရေhuawei c 8813မြန်​မာစာမှန်​​အောင်​လုပ်​နည်း​လေးတင်​ပါအုန်း

  6. အကို​ရေhuawei c 8813မြန်​မာစာမှန်​​အောင်​လုပ်​နည်း​လေးတင်​ပါအုန်း

Leave a reply to MG Thein Cancel reply