HTML ပုံများ – Tag နဲ့ Src Attribute


HTML ပုံများ – <img> Tag နဲ့  Src Attribute

HTML မှာ ပုံတွေကို  <img> tag နဲ့ သတ်မှတ်ကြပါတယ်။
<img> tag သီးသန့်ဆိုရင် ဗလာ ကြီးဖြစ်ပြီး Attribute တွေ သက်သက်ပဲပါမှာပါ။ Tag အပိတ်လည်းမရှိပါဘူး။
စာမျက်နှာပေါ်မှာ ပုံပေါ်ဖို့အတွက် src attribute ကိုသုံးဖို့လိုပါတယ်။ Src ဆိုတာက “source” ရဲ့အတိုကောက်စာလုံးဖြစ်ပြီး  src attribute ရဲ့တန်ဖိုးက သင်ပေါ်ချင်တဲ့ ပုံရဲ့ URL လည်းဖြစ်ပါတယ်။
ပုံအတွက် Syntax

<img src=”url” alt=”some_text“/> 

URL ကပုံဘယ်မှာရှိလဲ ပြပါတယ်။ “trip.jpg” လိုနာမည်ရှိတဲ့ ပုံတစ်ပုံမှာ www.aungsanmks.com ရဲ့ images folder (Directory) ထဲမှာရှိတယ်ဆိုရင် URL က http://i.minus.com/ibidJBu0i95gl8.PNG
Browser (ဘရောက်ဆာ) က Image Tag ပြတဲ့ပုံကို ခေါ်သုံးပါတယ်။ တကယ်လို့ စာပိုဒ်နှစ်ခုကြား ပုံထားခဲ့ရင် Browser (ဘရောက်ဆာ) က ပထမစာပိုဒ်ကို အရှေ့က ပေါ်စေပါမယ်။ သူ့အောက်မှာမှ သင်ညွှန်းထားတဲ့ပုံ သူပြီးမှ နောက်ဆုံးစာပိုဒ်ကို ပေါ်စေမှာပါ။  


HTML ပုံများ – Alt Attribute

လိုအပ်တဲ့ alt attribute ဟာ ပုံအတွက် အခြားနည်းလမ်းနဲ့ပေါ်မယ့်စာဖြစ်ပါတယ်။ ပုံပေါ်ဖို့ အဆင်မပြေတဲ့ အခါမျိုးမှာဖြစ်ပါတယ်။
Alt attribute ရဲ့တန်ဖိုးကတော့ ဝဘ်ဆိုဒ် ရေးသူ ထည့်တဲ့အတိုင်းပါပဲ…။

<img src=”trip.jpg” alt=”Blogger Aung Aung” /> 

alt attribute က အင်တာနက်လိုင်း နှေးလို့ ပုံတွေမပေါ်နိုင်သေးရင်ပဲဖြစ်ဖြစ်၊ Src Attribute မှာ အမှားတစ်ခုခုရှိလို့ပဲဖြစ်ဖြစ် ကြည့်ရှု့သူဟာ Screen Reader ကိုအသုံးပြုပြီးကြည့်လို့ပဲဖြစ်ဖြစ် ပုံတွေကို Browser (ဘရောက်ဆာ) က ချက်ချင်းဖေါ်ပြဖို့မတတ်နိုင်တဲ့ အချိန်မှာလည်း alt ပေးထားတဲ့ (သတ်မှတ်ထားတဲ့) စာကို အရင်ပေါ်နေစေမှာဖြစ်ပါတယ်။


HTML ပုံများ – ပုံအမြင့်နဲ့ အလျားကို သတ်မှတ်ခြင်း

အမြင့်နဲ့ အလျား attribute တွေမှာ ပုံ၏ အမြင့်နဲ့ အလျားအတွက်ဖြစ်ပါတယ်။
Attribute တန်ဖိုးတွေကိုတော့ အမြဲ Pixel နဲ့ သတ်မှတ်ပါတယ်။

<img src=”trip.jpg” alt=”Blogger Aung Aung” width=”334″ height=”227″ />

Noteမှတ်ချက် — ပုံအတွက် အမြင့်နဲ့ အလျား Attribute တွေကို သေချာ စီစဉ်သင့်ပါတယ်။ သတ်မှတ်ထားတဲ့တန်ဖိုး အတိုင်း ပုံရဲ့ အရွယ်အစားကို စာမျက်နှာ loading ဖြစ်နေစဉ်မှာ နေရာချမှာဖြစ်ပါတယ်။ဒါပေမယ့် ဒီ attribute တွေမပါခဲ့ဘူးဆိုရင် browser (ဘရောက်ဆာ) က ပုံအရွယ်အစားကို သိမှာ မဟုတ် ပါဘူး။ ပုံပေါ်လာဖို့ဆွဲတင်နေချိန်မှာ စာမျက်နှာအနေအထားကပြောင်းတဲ့ effect ဖြစ်လာစေပါလိမ့်မယ်။


မှတ်စုများ

Noteမှတ်ချက် — တကယ်လို့ HTML ဖိုင်မှာ ပုံ ၁ဝ ပုံပါခဲ့ပါက အဲဒီ့စာမျက်နှာအတွက် ဖိုင် ၁၁ ခုကို ဖွင့်ရတာနဲ့တူပါတယ်။ ပုံတွေပေါ်လာဖို့ဆွဲတင်ရတာလည်း အချိန်ပေးရပါတယ်။ ဒါကြောင့်ပုံတွေကို ထည့်သုံးမယ်ဆို အရွယ်အစားကအစ ဂရုစိုက်ဖို့ အကြံပြုချင်ပါတယ်။
Noteမှတ်ချက် — ဝဘ်စာမျက်နှာ တက်နေတဲ့အချိန်မှာ Browser (ဘရောက်ဆာ) ကနေ Web Server ကပုံတွေကို ယူပြီး စာမျက်နှာထဲကို ထည့်ပေးတာဖြစ်ပါတယ်။ ဒါကြောင့် ထည့်ထားတဲ့ပုံဟာ ကိုယ်ပေးထားတဲ့ လမ်းကြောင်းအမှန်မှာ တကယ်ရှိရဲ့လားဆိုတာကို သေချာအတည်ပြုဖို့လိုပါတယ်။ လွဲခဲ့ရင်တော့ ပုံမပေါ်ပဲ အဲဒီ့နေရာမှာ ကွက်လပ်တစ်ခုပေါ်နေမှာဖြစ်ပါတယ်။ ဒါဟာ Browser (ဘရောက်ဆာ) ကရှာပေးဖို့ မတတ်နိုင်တော့တဲ့ အဖြေဖြစ်ပါတယ်။


HTML ပုံ Tag များ

Tag အကြောင်းအရာ
<img /> ပုံထည့်ရန်
<map> image-map ထည့်ရန်
<area /> image-map တစ်ခုထဲက နှိပ်လို့ရတဲ့ နေရာတစ်ခုအဖြစ် သတ်မှတ်ပါတယ်။

အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: