Computer (Window) ပေါ်တွင် အသုံးပြုသည့် Bluestacks မှာ root ဖောက်ပြီး မြန်မာစာ သွင်းနည်း


Root Bluestacks 0.7.10.869

ဒီနည်းက ကြာတော့ကြာပါပြီ။ ကျွန်တော်တို့လည်း ကွန်ပျူတာမှာ Bluestacksတင်ရင် စက်လေးသွားတယ်ဆိုလို့ အသုံးပြုသူနည်းတယ်ဆိုပြီး မတင်ပေးဖြစ်တာပါ။ အခုတော့Pageမှာ Kyal Minnက တောင်းထားလို့MMASကနေ
ရှာပြီး တင်ပေးလိုက်ပါတယ်။အခြားအသုံးပြုသူများလည်း မြန်မာစာထည့်သွင်းအသုံးပြုချင်ရင်
ဒီနည်းအတိုင်းလုပ်ဆောင်နိုင်ပါတယ်။


အရင်ဆုံး Bluestack မရှိသေးရင် Bluestack .exe for computerကိုဒေါင်းပြီး မိမိရဲ့ကွန်ပျုတာတွင် install လုပ်ပေးပါ။

Bluestack.exe installer for PCအားရယူရန်

Installed လုပ်ပြီးသော်အခါ Bluestack ရဲ့ Setting ကိုနှိပ်ပြီး Manage Accountsမှာမိမိရဲ့ Google account ကိုဖြည့်စွက်ပေးလိုက်ပြီး Set up လုပ်ပေးလိုက်ပါ။

အောက်ကပုံကိုကြည့်လိုက်ပါ။


မိမိရဲ့Google Account ကို ထည့် ပြီးပြီဆိုလျှင် နောက် တဆင့်မှာတော့ မိမိကွန်ပျုတာရဲ့ ညာဘက်

အောက်နားမှာရှိတဲ့Bluestack Icon လေးပေါ်မှာ Right click ထောက်ပြီးလျှင် Exit လုပ်ပေးထားလိုက်ပါ။


အောက်ကပုံကိုကြည့်လိုက်ပါ။

ပြီးလျှင်နောက်တဆင့် ထက်သွားပါမယ်။

မိမိကွန်ပျုတာရဲ့Buttom Task Bar ပေါ်ကို Right click ထောက်ပြီးလျှင် Start Task Manager ကိုရွေးပြီး

ဝင်လိုက်ပါ။


ပြီးလျှင်Task Manager မှာ Bluestack နဲ့ပတ်သတ်တဲ့Run နေတဲ့ Processes ၂ခုကို End processes လုပ်ပေးလိုက်ပါ။


အောက်ကပုံထဲကအတိုင်းပါ။

မိမိကွန်ပျုတာရဲ့ Desktop ပေါ်မှ My computer (or) WIN+E ကီးကိုဖြစ်ဖြစ်နှိပ်ပြီးဖွင့်လိုက်ပါ။ 

Organize ကိုတွေ့ပါလိမ့်မယ်။ တွေ့လျှင်သူ့ရဲ့ဘေးက down arrow လေးကိုနှိပ်ပြီး– organize > folder and search options > view tab, select show hidden files, folders and drivers and, uncheck hide protected operating system files.

အောက်ကပုံကိုကြည့်လိုက်ပါ။

ကဲအပေါ်ကအဆင့်တွေအားလုံးပြီးသွားပြီဆိုလျှင်တော့ Bluestack ကို Root လုပ်ဖို့အတွက် Root zip ကိုဒေါင်းရပါမယ်။

ဒေါင်းပြီးလျှင် Rar (or) Zip ကို Extract လုပ်ပေးလိုက်ရင် အထဲမှာ Root.fs and initrd.img ဆိုပြီး ဖိုင်
၂ခုတွေ့ရပါမည်။

အဲ့ဒီဖိုင်၂ခုကို -copy ကူးပြီးမိမိကွန်ပျုတာရဲ့-C:/ ProgramData / BlueStacks /Android ထဲကို paste-(Replace)- ကူးပြီးထဲ့ပေးလိုက်ပါ။

Bluestack Root Zip For Computerအားရယူရန်

အောက်ကပုံအတိုင်းပါ။
ပြီးရင်မိမိကွန်ပျုတာရှိ bluestacks ကိုဖွင့်ပြီး playstore>> My Apps မှာကြည့်လိုက်ပါ supersu installed ဖြစ်နေပါမယ်

open လိုက်ပြီး supersu မှာ setting ထဲဝင်ပြီး Automatic response ထဲဝင်ပြီး Prompt ထားပေးလိုက်ပါ။ 

Notice box မေးလာခဲ့ရင် Apps option ကိုရွေးပေးလိုက်ပါ။ Bluestack အား Root လုပ်ခြင်း ဒီတင် ပြီး
ဆုံးပါပြီ ခင်ဗျား။

မိမိရဲ့ကွန်ပျုတာရှိBluestack လေး တကယ် Root ဖြစ်မဖြစ်စစ်ခြင်သေးတယ်ဆိုရင်တော့ Bluestack ကနေပဲဖြစ်ဖြစ် အောက်ကပေးထားတဲ့လင့်ခ်ကနေပဲဖြစ်ဖြစ် ဒေါင်းပြီးစစ်နိုင်ပါသည်။

Root Checker Proအားရယူရန်

ကဲRoot Access လေးတကယ်ရသွားပါပြီဗျာ။Root Access ရသွားပြီဆိုရင်တော့ လိုအပ်တဲ့မြန်မာ Zawgyi Font Changer ကို Install လုပ်ပေးလိုက်ယုံပါပဲ။

Zawyi Font Changerအားရယူရန်

Auto Reboot မှာရပ်နေတယ်ဆိုရင်တော့ Bluestack ကို ပိတ်ပြီးပြန်ဖွင့်ပေးလိုက်ပါ။
အားလုံးဘဲအဆင်ပြေကြပါစေဗျာ……….

Credit By Myanmar Mobile App Store

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
အဆင်ပြေရင် ဆိုဒ်က ကြော်ငြာများကို တစ်ချက်လောက်နှိပ်သွားပါအုံးခင်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: