Android Jelly Bean v4.1.2 တွေမှာမြန်မာစာ 100% မှန်ပြီ (fepfz v2.0 Updated 15 Nov 2013)


ပထမဦးစွာ မြန်မာ Developer Ko Kyaw Zaw Naing ကို အထူးကျေးဇူးတင်ရှိပါသည်

fepfz (Updated to Version 2.0)

*** MAJOR UPDATE ***

MORE POWERFUL and MORE RISKY

Fepfz.apk ကိုအသုံးပြု ဖို့ မိမိဖုန်းမှာ Root access ရှိဖို့ လိုအပ်ပါတယ် ။

ဖုန်းရဲ့ system file များကို ပြင်ဆင်မှာဖြစ်တဲ့ အတွက် Contact နဲ့  သိမ်းလိုသည်များကို 
Backup လုပ်ထားစေလိုကြောင်းတိုက်တွန်းပါသည် ။

Version 2.0 အဖြစ် Update လုပ်ပေးလိုက်ပါတယ်။ အခု update မှာ code segment တွေအပေါ် မမှီခိုတော့ဘဲ ELF file structure အတိုင်းလိုက်ပြီး ပြုပြင်ပေးသွားမှာဖြစ်ပါတယ်။ ဖုန်းအားလုံးနီးပါးနဲ့ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Myanmar Unicode system ကို တစ်စိတ်တစ်ပိုင်း ပြုပြင်တာတင်မဟုတ်ဘဲ စနစ်တစ်ခုလုံးကို အလုပ်မလုပ်နိုင်အောင်လုပ်လိုက်မှာဖြစ်ပါတယ်။

ဖုန်းဘောင်နောက်မှာ စာတွေကွယ်နေတဲ့ပြဿနာကိုလည်း ဖြေရှင်းနိုင်ပါပြီ။ အဲဒီပြဿနာပေါ်နေတဲ့ဖုန်းတွေလည်း update နဲ့ patch ပြန်လုပ်လို့ရပါတယ်။ အဲဒီပြဿနာမရှိတဲ့ဖုန်းတွေ (Sony) တွေကတော့ လုပ်စရာမလိုပါဘူး။ လုပ်လိုက်ရင် တစ်ချို့နေရာတွေ ပြန်မှားသွားပါတယ်။ အပေါ်ဆုံးမှာရေးထားသလိုပဲ MORE POWERFUL and MORE RISKY ပါ။ အားလုံးမှန်ပြီးသားဖုန်းတွေ၊ လက်ရှိလောက်မှန်ရုံနဲ့တင် ကျေနပ်တယ်ဆိုတဲ့ဖုန်းတွေ ထပ်မစမ်းပါနဲ့တော့။

ကျွန်တော်ပြောခဲ့သလို၊ နောက်ပြီး တစ်ချို့ comment တွေမှာ ရေးထားကြသလိုပါပဲ။ ကျွန်တော့်ရဲ့နည်းလမ်းဟာ ရေတိုနည်းလမ်းပဲဖြစ်ပါတယ်။ ဆေးမြီးတိုပဲဖြစ်ပါတယ်။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်ထားရမှာက တစ်ကမ္ဘာလုံးစံပြုထားတဲ့ Unicode System အဖြစ် ပီပီပြင်ပြင်ပေါ်ထွက်လာဖို့ဖြစ်ပါတယ်။

– ရရစ်ဆိုတာ တစ်ခုတည်း ရှိတော့မယ့်အချိန်
– အောက်ကမြစ် တစ်ခုတည်း ရှိတော့မယ့်အချိန်
– အီလက်ထရောနစ်မျက်နှာစာတိုင်းမှာ မြန်မာစာလွယ်လွယ်ကူကူမှန်မှန်ကန်ကန်ပေါ်မယ့်အချိန်
– Click တစ်ချက်နှိပ်လိုက်ရုံနဲ့ အက္ခရာစဉ်ကို ၁၀၀ ရာခိုင်နှုန်း မှန်အောင်စဉ်ပေးနိုင်မယ့်အချိန်
– ဝလုံး ‘ဝ’ နဲ့ သုည ‘၀’ မှားရိုက်မိတာနဲ့ ကွန်ပျူတာက မင်နီတားပေးမယ့်အချိန်
အဲလိုအချိန်မျိုးတွေကို ကျွန်တော်တို့မျှော်လင့်ရမှာဖြစ်ပါတယ်။

အဲဒီရည်မှန်းချက်အတွက် ကျွန်တော့်ရဲ့ဆေးမြီးတိုက အဟန့်အတားဖြစ်မနေစေဖို့ Unpatch feature တွေ ထည့်သွင်းပေးထားပါတယ်။ Patch မလုပ်ခင် မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်ပါတယ်။

ကျွန်တော့်ရဲ့ email ထဲ၊ facebook message ထဲကို ဖုန်းအတွက်၊ ကွန်ပျူတာအတွက် အကူအညီတောင်းတဲ့စာတွေလည်း ရောက်လာပါတယ်။ ကျွန်တော်အရင်ကပြောခဲ့သလိုပါပဲ။ ကျွန်တော်ဟာ ဒီ field ထဲက professional တစ်ယောက် မဟုတ်ပါဘူး။ ဝါသနာရှင်တစ်ယောက်သာလျှင် ဖြစ်ပါတယ်။ ကျွန်တော်မဖြေရှင်းနိုင်တဲ့ ပြဿနာတွေအတွက် reply မပြန်ပေးနိုင်တာကို နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

dr.kyawzawnaing@gmail.com ထဲသို့ MecTel 800 MHz ငွေဖြည့်ကဒ်ကုဒ်များပို့ပေးပြီး support လုပ်ပေးကြသူများ၊ email, facebook တို့ထဲသို့ message များ post များဖြင့် ကျေးဇူးတင်စကားပြောကြားပြီး support လုပ်ပေးကြသူများ၊ ကျွန်တော့်ရဲ့ အစမ်းသပ်ခံ အရင်းနှီးဆုံးသူငယ်ချင်းများနဲ့ အခြားကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။

( ကျနော်တောင်းဆိုချင်တာလေးတစ်ခုရှိတယ်ဗျ နောက် အသုံးလိုသူတွေ အတွက်အဆင်ပြေအောင်
မြန်မာစာမှန် သွားခဲ့တဲ့ ဖုန်းမော်ဒယ် နံပါတ်လေးများကို ကွန့် မန့် ဘောက်မှာ ရေးခဲ့ပေးစေလိုပါတယ်

ကျနော်ပိုစ့်ထဲမှာ ထည့်သွင်းဖော်ပြပေးပါမယ် ကျေးဇူးတင်ပါတယ်ခင်ဗျာ )

Fepfz.apk အသုံးပြု ခဲ့ပြီး အဆင်ပြေခဲ့သောဖုန်းများ ….

Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sony , p6-c00 4.2 , galaxy s3 , Note 8.0 ,


အသုံးပြု ပုံ

Agree နိုပ်ပေးပါ …

Got it ဆက်၍ …

( Root access တောင်းပါမည် Agent နိုပ်ပေးပါ )

Patch & Reboot …

မိမိဖုန်း ပါဝါပြန်တက်လာလျင် မြန်မာစာမှန်ကန်စွာမြင်တွေနိုင်ပါပြီ …🙂

Ref: http://ffspg.blogspot.com/2013/11/fepfz-v20apk.html




Download Link သေ ၊ မသေ သိရန် အောက်က ပုံ ကို အရင် Click ကြည့်နိုင်ပါတယ်။။ 

New Tap ဖွင့်သွား ပြီး Webpage အသစ် ပေါ်လာရမည်။ အကယ်လို့ webpage မပွင့်လျှင် 

File Not Found ဖြစ်သွား တဲ့ အတွက် အခြား Mirror ကနေ ဒေါင်းပါ။ New Tap ပွင့်တယ်ဆိုရင် 

တော့ ပေါ်နေတဲ့ Webpage ကို ပိတ်ပစ်ပြီး Download Now Button ကို နှိပ်ပြီး အောက်က

ကြိုက်နှစ်သက်ရာမှ ဒေါင်းလုပ်ပြုလုပ်နိုင်ပါတယ် … 

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
အဆင်ပြေရင် ဆိုဒ်က ကြော်ငြာများကို တစ်ချက်လောက်နှိပ်သွားပါအုံးခင်ဗျာ

2 thoughts on “Android Jelly Bean v4.1.2 တွေမှာမြန်မာစာ 100% မှန်ပြီ (fepfz v2.0 Updated 15 Nov 2013)

  1. Ko Kyaw Zaw Naing ကို ကျေးဇူး အထူးတင်ရှိပါသည်။.ကျွန်တော်ဖုန်းက S3 mini ပါ….အခုမှပဲ အဆင်ပြေ သွားတယ်….Share ခွင့်ပြုပါ….

  2. Ko Kyaw Zaw Naing ကို ကျေးဇူး အထူးတင်ရှိပါသည်။.ကျွန်တော်ဖုန်းက S3 mini ပါ….အခုမှပဲ အဆင်ပြေ သွားတယ်….Share ခွင့်ပြုပါ….

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: