Toyota Crown Hybrid Saloon ထွက်ပြီ


ဆော့ဖ်ဝဲမြို့ တော်က ပရိတ်သတ်များ တစ်ရက်ပြီး တစ်ရက် ဆော့ဖ်ဝဲနဲ့ နည်းပညာ အကြောင်းတွေပဲ ဖတ် နေရတော့ တစ်မျိုးမျိုးလေး ထူခြားရအောင် ကားအကြောင်းလေးတွေ ရေးသား မျှဝေ ပေးဖို့ စိတ်ကူး မိပါတယ်။ ဒါကြောင့်မို့ လက်တလောက်မှ အသစ်ထွက်ထားတဲ့ တိုယိုတာ ခရောင်း ဟိုင်းဘရစ် ဆလွန်း ကား တစ်စီး အကြောင်း အကြမ်းဖျဉ်းကို ဆော့ဖ်ဝဲမြို့ တော် ပရိတ်သတ်များအတွက် မိတ်ဆက် ပေးလိုက် ရပါတယ်။ 
  ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ် နှစ်ကုန် ပိုင်းလောက်က မော်ဒယ်သစ် ဂျပန် တိုယိုတာ Crown Royal ၂ မျိုးကို မိတ်ဆက်ပြသခဲ့ပြီး ဒီတစ်ခါ မိတ်ဆက်ပြသတဲ့ မော်ဒယ် ကတော့ ဟိုင်းဘရစ် အမျိုးအစား ဖြစ်ပါတယ်။

Toyota Crown က ဂျပန်နိုင်ငံမှာ လူကြိုက်များတဲ့ ကား ဖြစ်ပါတယ်။ Toyota Crown ကို ဂျပန်နိုင်ငံရေးသမား များ အပြင်၊ တကယ့် လုပ်ငန်းရှင် သူဌေးကြီးက သူတို့ ဂျပန်လူမျိုးတွေ ဘယ်လောက်ထိ မြင့်မြတ်ကြောင်း ထုတ်ဖော် ပြသဖို့အတွက် ကားစီးရင် Crown ကို ရွေးချယ်လေ့ ရှိတယ်လို့ ဆိုကြ ပါတယ်။ Toyota Crown ကို Royal ကိုအမည်တပ်ရလောက်အောင် လည်း တစ်ချိန်က ဂျပန်မှာ ဦးဦးဖျားဖျား ထွက်ရှိခဲ့တဲ့ ဇိမ်ခံ ဆလွန်း ဖြစ် ပါတယ်။ ၁၉၅၅ ခုနှစ်ကတည်းက ဂျပန်မှာ စတင်လာတဲ့ ဆလွန်းကား မျိုးဆက် ဖြစ်ပါတယ်။ မြန်မာပြည်ကိုလည်း မော်ဒယ် အမြင့်တွေ ရောက် ရှိလာပါပြီ။

ပုံမှာ မြင်တွေ့နေရတဲ့ ဟိုင်းဘရစ် ဆလွန်းလည်း ရောက်ရှိလာနိုင် ပါတယ်။ အင်ဂျင်အရွယ် ၂.၅ လီတာ ရှိပြီး I ပစ်စတင် ၄ လုံးပူး တပ်ဆင် ထားပါ တယ်။ ဘက်ထရီနဲ့ တွဲဆက် မော်တာ ကတော့ ၁၀၅ ကီလိုဝပ်နာရီအား ထုတ်နိုင်ပြီး စုစုပေါင်း မြင်းကောင်ရေအား ထုတ်လုပ်နိုင်မှုကို ၂၁၇ အထိ မြင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဆီစားနှုန်းကို ပျမ်းမျှ တွက်လိုက်တော့ တစ်ဂါလံကို ၅၄.၆ မိုင် အထိတောင် မောင်းနှင်နိုင်တာကို တွေ့ရပါတယ်။ ဒါကြောင့်မို့ ဆီစား အင်မတန် သက်သာတဲ့ ကားပါ။

ကားရဲ့  ဒီဇိုင်းကတော့ Toyota Crown Royal Saloon လို့အမည်ရ တဲ့ နောက်ဆုံးထွက် ကားကိုပဲ ပြန်လည် အခြေခံထားခြင်း ဖြစ်ပါတယ်။ စမတ်ကျပြီး၊ ဝင့်ဝင့်ကြွားကြွားရှိတဲ့ ပုံစံ ဖြစ်ကြောင်း တိုယိုတာက ဆိုပါတယ်။ တံခါး လေးပေါက် ၄ ယောက်စီး ဆလွန်းကားပါပဲ။ ဈေးနှုန်းကို မကြေညာရ သေးပါဘူး။ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ ဈေးကွက် ဖြန့်ချိ ရောင်း ချသွားမှာ ဖြစ်ပါတယ်။ ကားလေလံ ဆိုက်များ ဖြစ်တဲ့ www.autostock.jp, www.colay.com.mm တို့မှာလည်း  အသစ် ဈေးကွက် နဲ့ လပိုင်းပဲ ခြားပြီး ရောက်မယ်လို့ မျော်လင့်ထားကြတဲ့ ကားပါ။ အကြောင်း ကတော့ တိုယိုတာအသစ်ကို တိုက်ရိုက်ဝယ်ဖို့အတွက် Show Room မြန်မာပြည်မှာ မရှိသေးလို့ ဖြစ်ပါတယ်။ သို့ပေမယ့် ရှိတော့မှာပါ။ လောလောဆယ်တော့ www.motors.com.mm တို့လို ဆိုဒ်မှာတော့ တိုယိုတာ ခရောင်း အဟောင်းတွေပဲ ရှာတွေ့ နိုင်ပါသေးတယ်။ 

 
ဟိုင်းဘရစ် တိုယိုတာ ခရောင်း ၂၀၁၄ မော်ဒယ်ကို လပိုင်းအတွင်း ဖြန့်ချိ သွားမှာ ဖြစ်ကြောင်း သိရ ပါတယ်။


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: