မြန်မာ Game Development Company တစ်ခုဖြစ်တဲ့ Rival Edge မှ iOS Games များ


1234856_1394274690800275_722336715_n
စင်ကာပူ အခြေစိုက် မြန်မာ Software Development တစ်ခုဖြစ်တဲ့ Rival Edge မှထုတ်လုပ်ထားသော iOS Game များကို ထုတ်ဖော်ပြသပေးလိုက်ပါတယ်။ငတက်ပြား Game ဆိုရင် လူတော်တော်များများ သိကြမယ်ထင်ပါတယ်။ငတက်ပြား Game ဟာဆိုရင်လည်း Rival Edge မှထုတ်လုပ်ထားသော လူဆော့များတဲ့ နာမည်ကျော် Game တစ်ခုဖြစ်ပါတယ်။မြန်မာလူမျိုးများ ရေးသားဖန်တီးထားတဲ့ မြန်မာ Game များအပါအဝင် အခြားသော ပျော်ရွှင်ဖွယ်ကောင်းသော Game များကိုလည်း Rival Edge Company မှထုတ်လုပ်ပေးထားပါတယ်။အကုန်လုံးနီးပါး Free Version အဖြစ်ဖြန့် ချီပေးထားတဲ့အတွက်ကြောင့် ကိုယ့်မြန်မာလူမျိုးတွေကို အားပေးတဲ့အနေနဲ့  Game လေးတွေဆော့ကြရအောင်…. 
ကျွန်တော်ဆော့ဖူးတဲ့ Game လေးတွေကတော့…

1. Pirate (The Treasure Hunter)

Screen Shot 2013-12-07 at 11.12.04 AM
ဒီဂိမ်းလေးဟာဆိုရင်ဖြင့် Rival Edge ရဲ့ မနေ့ တစ်နေ့ ကမှ ထုတ်လုပ်လိုက်တဲ့ Game အသစ်လေးဖြစ်ပါတယ်။
Pirate လေးဟာဆိုရင်ဖြင့် လှေကလေးစီးပြီး ပင်လယ်ထဲမှာ ရတနာတွေရှာဖွေရတဲ့ Game လေးပါ။

App Store Link : https://itunes.apple.com/sg/app/pirate-the-treasure-hunter/id709019887?mt=8

2. Candy Pop Saga

Screen Shot 2013-12-07 at 11.13.48 AM
ဒီဂိမ်းလေးကတော့ သကြားလုံးတွေနဲ့ ဆော့ကစားရတဲ့ ဂိမ်းလေးပါ။
အရောင်အသွေးတူတဲ့ သကြားလုံးလေးကို ရွေးချယ်ပြီး ဖောက်ပေးရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။

App Store Link : https://itunes.apple.com/sg/app/candy-pop-saga/id644750677?mt=8

3. Tank War 3D Heavy Armor

Screen Shot 2013-12-07 at 11.15.43 AM
ဒီဂိမ်းလေးကတော့ တင့်ကားလေးနဲ့ ဆော့ကစားရတဲ့ ဂိမ်းလေးဖြစ်ပါတယ်။
ကိုယ်တိုင်တင့်ကားလေးကို မောင်းပြီး ရန်သူ တင့်ကားတွေကို အမြှောက်နဲ့ လိုက်လံ ပစ်ခတ်နှိမ်နင်းရတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။
ကိုယ့်ရဲ့တင့်ကားလေးက သွေးအတော်နည်းတဲ့ အတွက် သတိထားပြီး သေချာကစားရမဲ့ ဂိမ်းလေးပါ။

App Store Link : https://itunes.apple.com/sg/app/tank-war-3d-heavy-armor/id675465038?mt=8

4. ငတက်ပြား 2

Screen Shot 2013-12-07 at 11.16.45 AM
ဒီဂိမ်းလေးကတော့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ။
သူခိုးကြီး ငတက်ပြားအနေနဲ့ ဆော့ကစားပြီးတော့ လေပေါ်မှာပျံဝဲပြီး ရွှေတွေ ငွေတွေကို အခက်ခဲတွေကြားထဲကနေ လိုက်လံစုဆောင်းရမှာဖြစ်ပါတယ်။

App Store Link : https://itunes.apple.com/sg/app/ngatatpyartwo/id629862460?mt=8

5. Jet Stund 3D

Screen Shot 2013-12-07 at 11.25.11 AM
ဒီဂိမ်းလေးကတော့ လေယျာဉ်လေးကို စတန့် ထွင်မောင်းပြီး ပုံစံမတူတဲ့ နေရာမတူတဲ့ ကွင်းလေးထဲကို ဖြတ်ကျော်ပြီး ကစားရတဲ့ ဂိမ်းလေးပဲဖြစ်ပါတယ်။

App Store Link : https://itunes.apple.com/sg/app/jet-stunt-3d/id699420355?mt=8

6. Fruit Dash Epic

Screen Shot 2013-12-08 at 12.49.43 PM
ဒီဂိမ်းလေးကတော့ အရောင်သွေးတူတဲ့ အသီးလေးတွေကို နင်ဂျာလေးက ဓားလေးနဲ့ Slash လုပ်ပြီး ခွဲပေးရတဲ့ ဂိမ်းလေးပါ။ အချိန်အတိုင်းအတာ တစ်ခုအတွင်း သတ်မှတ်ထားတဲ့ Score ရအောင် ကြိုးစားပြီးခွဲရတဲ့ ဂိမ်းလေးပါ။

App Store Link : https://itunes.apple.com/sg/app/fruits-dash-epic/id660528247?mt=8

7. BubbleWrapping Challenges

Screen Shot 2013-12-08 at 10.21.07 PM
ဒီဂိမ်းလေးကတော့ ပူစီပေါင်းလေးတွေကို ဖောက်ပေးရတဲ့ ဂိမ်းလေးပါ။ အချိန်တစ်ခုအတွင်း သတ်မှတ်ပြီး ဖောက်လို့ ရသလို.. အရေအတွက်ကို မှတ်ပြီးလည်း ပူစီပေါင်းလေးတွေကို ဖောက်လို့ ရပါတယ်။

App Store Link : https://itunes.apple.com/sg/app/bubblewrapping-challenges/id588253643?mt=8

ကဲ.. မြန်မာတွေရေးထားတဲ့ iOS Game လေးတွေကို အားပေးလိုက်ကြပါဦး.။

ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: